NEWS


"ခေတ်မှီရေသွင်းစိုက်ပျိုးခြင်းနည်းပညာနှင့် ကိရိယာများ"
(မြန်မာပြည်လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်ထုတ်လုပ်မှုစွမ်းအားတိုးတက် မြှင့်တင်ရေးအတွက်မရှိမဖြစ်အရေးပါသောအစိတ်အပိုင်းတစ်ခု)

စိုက်ပျိုးရေ ပေးရေသွင်းစနစ်သည် လယ်ယာစိုက်ပျိုးမှုနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်ရေး ကဏ္ဍ များတွင် အဓိကအပိုင်းမှ ပါဝင်ပါသည်။

ကမ္ဘာ့သုံးစွဲနိုင်သော ရေအရင်းအမြစ်၏ ၈၀ % ကျော်ကို စိုက်ပျိုးရေ ပေးဝေမှုတွင် ရေသွင်းခြင်းနှင့် ဆည်မြောင်းများအတွက် လက်တွေ့ အသုံးပြုလျှက် ရှိပါသည်။ သို့သော် ဆည်မြောင်းများမှ ရေကို အကျိုးထိရောက်စွာ သုံးစွဲနိုင်မှုမှာ ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်း အောက်သာရှိပါသည်။