"ခေတ်မှီရေသွင်းစိုက်ပျိုးခြင်းနည်းပညာနှင့် ကိရိယာများ"


(မြန်မာပြည်လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်ထုတ်လုပ်မှုစွမ်းအားတိုးတက် မြှင့်တင်ရေးအတွက် မရှိမဖြစ်အရေးပါသောအစိတ်အပိုင်းတစ်ခု)

စိုက်ပျိုးရေ ပေးရေသွင်းစနစ်သည် လယ်ယာစိုက်ပျိုးမှုနှင့် လယ်ယာထွက်ကုန်ထုတ်လုပ်ရေး ကဏ္ဍ များတွင် အဓိကအပိုင်းမှ ပါဝင်ပါသည်။

ကမ္ဘာ့သုံးစွဲနိုင်သော ရေအရင်းအမြစ်၏ ၈၀% ကျော်ကို စိုက်ပျိုးရေ ပေးဝေမှုတွင် ရေသွင်းခြင်းနှင့် ဆည်မြောင်းများအတွက် လက်တွေ့အသုံးပြုလျှက်ရှိပါသည်။ သို့သော် ဆည်မြောင်းများမှ ရေကို အကျိုးထိရောက်စွာ သုံးစွဲနိုင်မှုမှာ ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်း အောက်သာရှိပါသည်။

လယ်ယာစိုက်ပျိုးခြင်းနှင့် လယ်ယာထွက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍများတွင် ရေသည်အဓိကကျပြီး မရှိမဖြစ် ဖြစ်ပါသည်။ရေသွင်းစိုက်ပျိုးမှုတွင်လည်း စိုက်ပျိုးသီးနှံကို ရေသွင်းသင့်သည့် အချိန်၊ နေရာနှင့် ရေပမာဏသည် အဓိကရေသွင်းစိုက်ပျိုးမှု၏ စီမံမှုပင်ဖြစ်ပါသည်။သို့သော် ရေလှောင်တမံများ၏ ရေမျက်နှာပြင်အနေအထားအရဆည်မြောင်းရေဖြန့်ဝေမှုတွင်လယ်ယာများသို့ဖြန့်ဝေသောရေများသည်မိရိုးဖလာနည်းများအရမြောင်းအဖွင့်ပုံစံများဖြင့် ဖြန့်ဝေကြပါသည်။ ထိုသို့ ဖြန့်ဝေခြင်းသည် သီးနှံပင်များသို့ ရေရောက်ရှိမှုမှာ မလုံလောက်ဘဲ ရေ၏အသုံးဝင်မှု ဆုံးရှုံးမှုများကို နှစ်ရှည်လများ ကဲတွေ့ရမည်ဖြစ်ပါသည်။ အချိန်ကြာလာလေ ရေဆုံးရှုံး ပမာဏများလေဖြစ်ပါသည်။

ရေသည် ပြန်လည်ရရှိနိုင်သော အရင်းအမြစ်ဆိုသော်လည်း အကန့်အသတ်ရှိပြီး အဆက်မပြတ် တိုးတက်နေသောကမ္ဘာ့လူဦးရေကြောင့် ရေရှားပါးမှုများဖြစ်ပေါ်နေပြီး လူသားများ၏ ကျန်းမာရေးဆိုင်ရာ အသုံးပြုရမည့် ရေပမာဏမလုံလောက်ခြင်းနှင့် အတူ စက်မှုကဏ္ဍများ၊ စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်တွေ့စေပါသည်။

ထို့ကြောင့်ကျွန်တော်တို့အနေဖြင့် ရေအသုံးပြုခြင်းကို ပိုမိုထိရောက်သော နည်းလမ်းများရှာဖွေကာ နောင်အနာဂတ်အတွက် ရေစုဆောင်းပေးရင်း လူသားများအတွက် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။

ယခုအခါ ကမ္ဘာတဝှမ်းတွင် ခေတ်မှီနည်းပညာကိရိယာများအသုံးပြုရေသွင်းစိုက်ပျိုးခြင်းကို ယခင်က ထိုသို့အသုံးပြုရန်မဖြစ်နိုင်ဟု ထင်မှတ်ခဲ့သော ဒေသများတွင်ပင် အသုံးပြုလျှက်ရှိသည်ကိုတွေ့ရပါသည်။


ရေသွင်းစိုက်ပျိုးခြင်းစနစ်အပေါ် ခြုံငုံသုံးသပ်ခြင်း


ယေဘူယျအားဖြင့် ရေသွင်းစိုက်ပျိုးခြင်းစနစ်တွင် နည်းလမ်းသုံးသွယ်ရှိပါသည်။

  • Flood Irrigation – ဤရေသွင်းစိုက်ပျိုးနည်းသည် ရေသွယ်မြောင်းများမှတစ်ဆင့် လယ်ကွင်းမြေပြင်ပေါ်မှ ရေသွင်းကာ မြေစီလွှာကို ရေစုပ်ယူစေပြီး အပင်ကို ပေးသော စနစ်ဖြစ်ပါသည်။ တနည်းအားဖြင့် မြေပြင်ပေါ် ရေသွင်းခြင်းဟုခေါ်ပြီး ကမ္ဘာမြေကြီး၏ဆွဲအားဖြင့် မြေမျက်နှာပြင်ပေါ်မှရေ သိုလှောင်ကန်မှရေကို စိုက်ပျိုးမြေသို့ပေးပို့ဖြန့်ဝေပေးသည်။
  • Drip Irrigation – ရေကို အစက်ချခြင်းဖြင့် ရေသွင်းပြီး ရေပမာဏကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ (ရေသည် ဖြေးဖြေးခြင်း အပင်များ၏ အမြစ်ဆီသို့ သွားသောနည်းလမ်းဖြစ်ပါသည်)
  • Pressurized Irrigation – ဤရေသွင်းခြင်းစနစ်တွင် အပင်၏ လိုအပ်သောရေပမာဏကို တွက်ချက် စက်ကိရိယာ (ရေစုပ်စက်၊မော်တာ) များနှင့်အရှိန်ဖြင့်ပို့လွှတ်ကာ ရေပိုက်များ၊ ရေဖြန်းရေထွက်ခေါင်းများကို အဓိကထား အသုံးပြုပြီးရေသွင်းခြင်းဖြစ်ပါသည်။

ရေပြင်းအား အသုံးပြုသောဤရေသွင်းခြင်းစနစ်သည် မြေမျက်နှာပြင်မှ ရေးသွင်းခြင်းနှင့် တူးမြောင်းများဖြင့် ရေပေးသွင်းခြင်းထက် ရေကို ပိုမိုအကျိုးရှိစွာအသုံးချနိုင်ပါသည်။


ရေသွင်းစနစ်၏ အချိန်နှင့်တပြေးညီ အကျိုးထိရောက်မှု


အကျိုးထိရောက်သောရေသွင်းခြင်းကိုအပင်များသို့ရောက်ရှိသွားသောရေပမာဏနှင့်ရေအရင်းအမြစ်မှကုန်သွားသောရေပမာဏနှိုင်းယှဉ်ခြင်းအားဖြင့် တိုင်းတာကြပါသည်။

တနည်းအားဖြင့်ဆိုပါလျှင်သီးနှံများရေသွင်းခြင်းတွင်သီးနှံများကြီးထွားရေးအတွက်အမှန်တကယ်ရေစုပ်ယူနိုင်မှုပမာဏနှင့်ရေရင်းမြစ်မှရေပေးဝေခြင်း ပမာဏတို့၏အချိုးအစားပင်ဖြစ်ပါသည်။

ယခုအခါကမ္ဘာရေရင်းမြစ်များရှားပါးလာယုံသာမကကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များသက်သာရေးမှာလည်းအရေးပါလှသဖြင့်စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူများအနေဖြင့်မည်သည့်ရေသွင်းနည်းစနစ်ကိုသုံးစွဲမည်ဟူသောဆုံးဖြတ်ချက်သည်လွန်စွာမှအရေးကြီးလာပြီဖြစ်ပါသည်။

အောက်ပါဇယားတွင်ရေသွင်းစနည်းစနစ်များ၏ ထိရောက်မှုကို လေ့လာနိုင်ပါသည်။

System type (ရေပေးဝေမှု ပုံစံ) Efficiency (ထိရောက်မှု)
Flood Irrigation (မြေကြီးပေါ်မှ ရေသွင်းနည်း) 40-50%
Sprinkler Irrigation (ရေဖြန်းပက်ခြင်းနည်း) 65-70%
Hard hose traveler (ရေပိုက်ဖြင့် လောင်းခြင်း) 70-80%
Pivot/Linear Move Systems (ဗဟိုမှ ရွေလျှားရေဖြန်းခြင်း) 85-95%
Drip Irrigation (ရေစက်ချခြင်း) 90-95%

လယ်ယာရေသွင်းခြင်းစနစ် ရွေးချယ်မှု


စိုက်ပျိုးခြင်းများအားလုံးအတွက်ရေသွင်းနည်းစနစ်တစ်မျိုးတည်းသုံးခြင်းသည်အကောင်းဆုံး၊အသင့်တော်ဆုံးနည်းလမ်းမဖြစ်နိုင်ပေ။တောင်သူဦးကြီးများအနေဖြင့် ရေသွင်းစိုက်ပျိုးမှုကိုပြုလုပ်မည်ဟုစဉ်းစားပါလျှင်အရေးကြီးသောအချက်အလက်များစွာကိုဆုံးဖြတ်ချက်မချမှီစဉ်းစားရပါမည်။

ယဘေူယျအားဖြင့်ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ:

  • သီသီးနှံအမျိုးအစား
  • လောင်စာဆီသုံးစွဲမှုနှင့် လောင်စာရရှိနိုင်မှု အနေအထား
  • စိုက်ပျိုးမြေ၏အရွယ်အစားနှင့်အနေအထား
  • လိုအပ်မည့်လုပ်သားအရေအတွက်
  • ရေရင်းမြစ်
  • ကနဦး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်

ကွင်းလယ်ဗဟိုမှ ရေလောင်းသောစနစ်နှင့် ကွင်းဘေးမှ ရွေလျှား၍ လောင်းသော ရေလောင်းစနစ်များ


pic1 pic2

ဗဟိုမှရေလောင်းသောစနစ်သည်ခေတ်မှီလယ်ယာများတွင်အသုံးတွင်ကျယ်နေသောစနစ်ဖြစ်ပါသည်။အလယ်ဗဟိုတွင်ပုံမှန်လှည့်နိုင်သောပန်ကာ တပ်ထားပြီးလှည့်ပတ်နိုင်ရန်အတွက်ရေအား၊ဟိုက်ဒရောလစ်ဆီနှင့်လျှပ်စစ်မော်တာတပ်ထားပါသည်။လှည့်ပတ်သည့်အချိန်ကြာမှုသည်စနစ်ကျမှု၊ အရွယ်အစား၊မော်တာနှင့်ရေပမာဏအပေါ်တည်ပါသည်။

ဖော်ပြထားသောအသုံးပြုမှုသည်ရေအတိမ်အနက်နှင့်အတူရေလောင်းနိုင်သည့်မြန်နှုန်းနှင့်ရေစီးဆင်းမှုအရှိန်များကိုဖြစ်ပေါ်စေပါသည်။ရေရောက်ရှိနိုင်မှု အရှိန်သည်တပ်ဆင်ထားသောအင်ဂျင်နှင့်သက်ဆိုင်ပြီးလယ်ကွင်း၏ရေလိုအပ်မှုအပေါ်တွင်လည်းချိန်ဆရပါသည်။

ရေထွက်မှုစနစ်ကို ထိန်းချုပ်ထားသောကြောင့် ရေပိုမိုသုံးစွဲလိုလျှင် အချိန်ကြာကြာလှည့်ပတ်စေခြင်းဖြင့် အသုံးပြုနိုင်ပါသည်။

ဗဟိုရေလောင်းနည်းစနစ်ဖြင့်ပတ်လည်လှည့်ကာရေဖြန်းနည်းစနစ်ဖြစ်သောကြောင့်လယ်ကွက်အ​​နေအထားမှာစက်ဝိုင်းပုံ(သို့)စတုရန်းလေးထောင့်ပုံ ဖြစ်ရပါမည်။

ပုံစံမကျသောလယ်ကွင်းများပိုင်ဆိုင်သောလယ်သမားများအနေဖြင့်တစိတ်တပိုင်းလောက်သာလှည့်သောစက်များကိုတပ်ဆင်ပြီးလယ်ဧရိယာများများကို ရေလောင်းနိုင်ပါသည်။ထိုသို့တပ်ဆင်မည်ဆိုပါလျှင်စက်ဝိုင်းပုံလှည့်ရေလောင်းရန်မဖြစ်နိုင်သည့်အတွက်တစ်ဧကချင်းစီအတွက်ကုန်ကျစရိတ်ပိုမိုမည် ဖြစ်ပါသည်။

ဗဟိုရေလောင်းနည်းစနစ်တွင်ရေပန်းထွက်မှုများအောင်ရေထွက်ခေါင်းကိုအပြင်ဘက်အဆုံးတွင်တပ်ဆင်ထားပါသည်။လယ်ကွင်းအတွင်းရွေ့နိုင်သောစနစ် ကြောင့်ရေအဖွင့်၊ပိတ်ပြုလုပ်နိုင်ပြီးရေသည်ပေ၁၀၀မှ၁၅၀အထိလယ်ကွင်ထောင့်မျာနှင့်ပုံစံမကျသောလယ်ကွင်းများပါရေလောင်းနိုင်ပါသည်။

တချို့ထုတ်လုပ်သူများအနေဖြင့်ထောင့်ကပ်ရေဖြန်းနိုင်သောအပိုစပန်းကိုအဆုံးတွင်တပ်ဆင်ပါရှိသဖြင့်ပေ၃၀၀မှ၄၀၀အထိလယ်ကွင်းထောင့်များထိတိုင် ပတ်ဖြန်းနိုင်ပါသည်။


ဗဟိုရေဖြန်းနည်းစနစ်၏ အားသာချက်များ


  • ရေသုံးစွဲမှု အနည်းဆုံးနှင့် အထိရောက်ဆုံးဖြစ်ခြင်း
  • လောင်စာဆီသုံးစွဲမှုနည်းခြင်း
  • ရေသွင်းနည်းစနစ်များတွင် ထိရောက်မှုအရှိဆုံးဖြစ်ခြင်း
  • ရေသွင်းခြင်းဖြင့် သီးနှံများကို ပျက်စီးမှု မရှိခြင်း
  • သီးနှံအပင်များ၏ အမြင့်ပေါ်မူတည်ပြီး အမြင်ဖြင့် ချိန်ဆနိုင်ခြင်း
  • ရေသွင်းခြင်းကို ပြည့်စုံအောင် စီမံနိုင်ခြင်း

ဗဟိုရေဖြန်းခြင်းတွင် ရေဖြာထွက်မှုအတိုင်းအတာကိုရွေးချယ်ခြင်း


  • ရေဖိအားအနည်းငယ်ဖြင့် ရေဖြာထွက်ခြင်း
  • ရေဖိအားအလယ်အလတ်ဖြင့် ရေဖြာထွက်ခြင်း
  • ရေဖိအားအများဆုံးဖြင့် ရေဖြာထွက်ခြင်း

ဗဟိုဖြန်းပက်ခြင်းနှင့် ဘေးမှဖြန်းပက်ခြင်း


  • သီးနှံဧရိယာပမာဏများများအတွက် အကောင်းဆုံးသောရေလောင်းခြင်းစနစ်များဖြစ်ခြင်း
  • ရေနှင့် စွမ်းအင်ကို ချွေတာနိုင်ခြင်း
  • သီးနှံပင်များကို ထိခိုက်မှု မရှိခြင်း
  • သီးနှံပင်အရွယ်အစားအလိုက် အမြင့်ကို ချိန်ဆနိုင်ခြင်း
  • မြေပြင်အနီးတွင်ပင်အသုံးပြုရသည့်အတွက် အကျိုးထိရောက်မှု အများဆုံးဖြစ်ခြင်း

လယ်ကွင်းဘေးရွေလျှားရေဖြန်းစနစ်


pic3
  • စတုဂံပုံရှိသော စိုက်ကွင်းများအတွက် ကုန်ကျစရိတ်အနည်းဆုံး ရေဖြန်းနည်းစနစ်
  • ရေများကို ချောင်း၊တူးမြောင်းများမှ ပိုက်နှင့်တစ်ဆင့် သွယ်တန်းနိုင်ခြင်း

ဘေးမှရွေ့လျှားရေဖြန်းခြင်းဆိုသည်လည်းဗဟိုရေဖြန်းနည်းနှင့်တည်ဆောက်ပုံခြင်းများစွာဆင်တူပြီးရေဖြန်းဧရိယာ၏အဆုံးကိုထိမိနိုင်လောက်သည့်ပုံသေ လှည့်မည့်အမှတ်ကိုပြုလုပ်ထားရန်လိုအပ်ပါသည်။ထိုနည်းသည်စတုဂံပုံစံရှိသော လယ်ယာကွက်များအတွက်ရည်ရွယ်၍ထုတ်လုပ်ပါသည်။

ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါလျှင် ဘေးမှရေဖြန်းစနစ်သည် တွက်ချေကိုက်သည်ဟု လည်းဆိုနိုင်ပါသည်။ ရေရောက်ရှိသော ပမာဏသည် အရှည် ၂ ဆ၊ အကျယ် ၁ ဆ အနည်းဆုံးရောက်ရှိ ပတ်ဖြန်းနိုင်ပြီး ပုံမှန်ရေဖြန်းမည်ဆိုပါလျှင် ရေဖြန်းနိုင်သည့်အကွာအဝေးသည် တဝက်မျှပင်မဖြစ်နိုင်ပေ။

ဤရေဖြန်းနည်းသည် အနည်းဆုံး မြေအစောင်း (ဝ-၄ ရာခိုင်နှုန်းကြား) လယ်ကွင်းဆိုပါလျှင် အကောင်းဆုံးဖြစ်ပါသည်။ စနစ်အများစုသည် လယ်ကွင်းအနီးတွင် တူးမြောင်းများကို ချဲ့ထွင်ခြင်းသော်လည်းကောင်း၊ လယ်ကွင်းကိုဖြတ်၍ ပိုက်အကြီးများသုံး၍သော်လည်းကောင်း ရေကို သွယ်တန်းကြပါသည်။ ရေမြောင်းသွယ်၍ ရေသွင်းခြင်းစနစ်တွင် မြောင်းအတွင်းမှ ရေကို မော်တာဖြင့် စုပ်ယူ၍ ရေသယ်ယူကြရပါသည်။ အလယ်ဗဟိုမှသော်လည်းကောင်း၊ လယ်ကွက်အစွန်းပိုင်းမှသော်လည်းကောင်း မည်သည့်စနစ်မဆို ဖြစ်နိုင်ပါသည်။


ရေဖြန်းခေါင်းစနစ်


ရေဖြန်းခေါင်းတွင် ခေါင်းအကြီးတစ်ခုကို စက်တပ်ထားသော ဘီးတပ်လှည်းတွင်တပ်ဆင်ထားသဖြင့် လယ်ကွင်းကိုဖြတ်၍ ရေဖြန်းပေးနိုင်ပါသည်။ ထိုခေါင်းအကြီးများတွင် များသောအားဖြင့် ၁၀၀ မှ ၆၀၀ gpmရှိပြီး ရေဖြန်းနိုင်သည့်အကွာအဝေးမှာ ဗဟိုမှ တိုင်းတာလျှင် ပေ ၈၀မှ ၂၅၀ ထိ ရောက်ရှိပါသည်။

ရေဖြန်းခေါင်းစနစ် (၂)မျိုးရှိပါသည်။

  • တိုင်ချည် ရေဖြန်းခေါင်းစနစ်နှင့်
  • ပိုက်ဆွဲ ရေဖြန်းခေါင်းစနစ်တို့ ဖြစ်ကြပါသည်။

တိုင်ချည်ရေဖြန်းစနစ်


တိုင်ချည်ရေဖြန်းစနစ်တွင် ရေဖြန်းသည့်ကိရိယာအကြီးကို လှည်းတွင်တပ်ဆင်ထားပြီး ရွေ့နိုင်သော ပိုက်ကြီးတစ်ခု၏ ထိပ်တွင် ခေါင်းတပ်ထားသော လှည်းကိုတွဲကာ ပိုက်၏ တခြားတဘက်ကို ရေထဲတွင်ထားကာ ရေစုပ်ယူပါသည်။ ပန်ကာတပ်ထားသော စက်မှာ သူ့အလိုလိုလယ်ကွင်းတလျှောက် စတီးဝါယာရစ်လုံး (သို့) ခေါင်းတွင်တပ်ထားသော ပူလီဖြင့် လှည့်ပတ်ပါမည်။ ပန်ကာစက်ကို လျှပ်စစ်ပေးမှုမှာ ရေမော်တာ၊ ရေပင်စတင်၊ ရေတာဘိုင် (သို့) အရန်တပ်ထားသော အင်ဂျင်မှတဆင့် လျှပ်စစ်ပါဝါပေးပါသည်။


ပိုက်ဆွဲရေဖြန်းစနစ်


pic4 pic5

ပိုက်ဆွဲရေဖြန်းစနစ်တွင်အစိတ်အပိုင်းအနေဖြင့်(၄)ပိုင်းပါဝင်ပါသည်။ ကြီးမားသော ရစ်လုံးတစ်ခုတင်ထားသော နှစ်ဘီး (သို့) လေးဘီးတပ်လှည်းတစ်ခု၊ ရေဖြန်းခေါင်းတပ်မည့်လှည်း၊ ရေဖြန်းခေါင်းတပ်မည့်လှည်းတွင်တပ်ရမည့် အားပြင်းရေဖြန်းခေါင်းတစ်ခုနှင့် အရှည်ကို အတိုးအလျှော့ပြုလုပ်နိုင်သော ရစ်ဘီးတွင် တပ်ထားသော ကြီးမားသည့် ပိုက်ကြီးတို့ပါဝင်ပါသည်။ ပိုက်တင်ထားသော လှည်းကို လျှောက်လမ်း၏ အလယ် (သို့) အဆုံးတွင် ချထားရမည်ဖြစ်ပါသည်။ပိုင်ကြီးနှင့်ချိတ်ဆက်ထားသောရေဖြန်းလှည်းမှရေဖြန်းပေးမည်ဖြစ်ပြီးပိုက်ကိုဆွဲကာပိုက်တင်ထားသောလှည်းတဝိုက်လှည့်ပတ်ကာ ရေဖြန်းမည်ဖြစ်ပါသည်။ တာဘိုင်၊ရေဖားဖို၊ရေပင်စတင် (သို့) အရံထားသော အင်ဂျင်မှ ပိုက်ရစ်လုံးကို လှည့်ပေးမည့်ဖြစ်ပါသည်။

နိဂုံးချုပ်


သီးထပ်စိုက်ပြီးဝင်ငွေတိုးနိုင်ခြင်း


ခေတ်မီရေသွင်းစနစ်နှင့်စိုက်ကိရိယာများကိုအသုံးပြုခြင်းဖြင့်ရရှိလာမည့်နောက်ထပ်အကျိုးမြတ်များမှာမိုးရာသီလွန်ကာလများတွင်စံနစ်တကျရေသွင်းပြီးသီးထပ်စိုက်ပျိုး နိုင်ပြီးကုန်ထုတ်စွမ်းအားတိုးတက်ခြင်းကာတောင်သူများဝင်ငွေ တိုးနိုင်ခြင်းဖြစ်ပါသည်။


အနာဂတ်မြန်မာ့ လယ်ယာဖွံ့ ဖြိုးမှုတိုးတက်မှုနှင့် တောင်သူဦးကြီးတို့ ဘဝတိုးတက်
ရေးအတွက် - ခေတ်မှီရေသွင်းစိုက်ပျိုးခြင်းနည်းပညာနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ အသုံးပြုရန် အမှန်တကယ်လိုအပ်ခြင်း


လက်ရှိကာလ မြန်မာနိုင်ငံတွင် မြေပြင်ရေသွင်းနည်းစနစ်သည် အဓိကစနစ်အဖြစ်တည်ရှိပြီး ယင်းစနစ်သည် ရေရင်းမြစ်လေလွင့်မှုများစွာရှိပြီး ယခုဖော်ပြမည့် ခေတ်မှီရေသွင်းစနစ်များဖြစ်သော ကွင်းလယ်ဗဟိုမှ ရေလောင်းသောစနစ်နှင့် ကွင်းဘေးမှ ရွေလျှား၍ လောင်းသော ရေလောင်းစနစ်များထက် ရေပမာဏမ နှစ်ဆကျော်လိုအပ်ပါသည်။

ထို့အပြင် တောင်သူလယ်သမားများနှင့် ရရှိနိုင်ပြီဖြစ်သည်ကို သတိပြုမိစေရန်ရည်ရွယ်၍ ဤဆောင်းပါးကိုရေးသားရခြင်းလည်းဖြစ်ပါသည်။ ထိုစိုက်ပျိုးရေး ပစ္စည်းကိရိယာများသည်မြန်မာနိုင်ငံ၏အိမ်နီးနားချင်းနိုင်ငံများဖြစ်သောလာအိုနိုင်ငံ၊ထိုင်းနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံများတွင်ပင်ကုန်ထုတ်လုပ်မှုတွင်သိသိသာသာ တိုးတက်သဖြင့် တွင်တွင်ကျယ်ကျယ်အသုံးပြုလျှက်ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် စက်မှုလယ်ယာသို့ တိုးတက်ပြောင်းလဲရန် အထူးလိုအပ်နေသည်မှာ ငြင်းမရသောအချက်ပင်ဖြစ်ပါသည်။ ရေသွင်းစိုက်ပျိုးခြင်းစနစ်သည်ပင်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက်အဓိကအချက်တစ်ချက်တွင်အပါအဝင်ဖြစ်ပါသည်။ရေရှည်တည်တံ့ဖြစ်ထွန်းရန်စိုက်ပျိုးနိုင်ရေး ဆိုသည်မှာ ထုတ်လုပ်မှုစရိတ်လျှော့ချရေးကို စဉ်ဆက်မပြတ်လုပ်ဆောင်မှုပင်ဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုတွင် ခေတ်မှီရေဖြန်းပစ္စည်းများကဲ့သို့ နောက်ဆုံးပေါ်စက်ကိရိယာများသုံးခြင်းများဖြင့်သာ ဖြစ်နိုင်ပါသည်။

Myanmar Ecoland Company သည် သြစတြီးယား မှ BAUER Group ၏ မိတ်ဖက်အဖွဲ့ အစည်းဖြစ်ပြီး BAUER Group သည် ရေသွင်းစိုက်ပျိုးရေး ပိုက်ဆွဲနည်းပညာတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်နေပြီး ရေသွင်းမှု အစီအမံများနှင့် မွေးမြူရေးလုပ်ငန်းများ၏ Slurry စနစ်များတွင် ကမ္ဘာ့နံပါတ် (၁) နေရာတွင်ရှိသော Company ကြီးဖြစ်ပါသည်။

Myanmar Ecoland နှင့်အတူ BAUER အနေဖြင့် နိုင်ငံတွင်း စိုက်ပျိုးရေးကဏ္ဍမှ မြန်မာပြည်သူများစွာ၏ ဆင်းရဲမွဲတွေမှုလျှော့ချရေး၊ ဝင်ငွေတိုးတက်လာရေးအတွက် ကြိုးစားစီမံနေသည့် အားထုတ်မှုများတွင် ပါဝင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အရေးပါလှသော ရေသွင်းစိုက်ပျိုးခြင်းစီမံချက်များကို နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့အတွက် ဥရောပစံချိန်စံညွှန်းများနှင့်အညီ ဒီဇိုင်းများဆွဲကာ ကူညီပေးလျှက်ရှိပါသည်။

Back